အာဏာသိမ်းစစ်ကောင်စီက လျှပ်စစ်ကားတွေ ပြည်တွင်းကို တင်သွင်းမယ်ဆိုပြီး သတင်းတွေ ထုတ်ပြန်ထားပေမယ့် လက်တွေ့မှာတော့ လျှပ်စစ်မီးပုံမှန်မရရှိလို့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အခက်ကြုံနေရပါတယ်။
မီးမလာရင် နေ့စဉ်လူမှုဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး၊ ကုန်ကျငွေတွေဟာလည်း ဝင်ငွေနဲ့ မမျှတာတွေ ဖြစ််လာသလို၊ နေ့စဉ် ထွက်ငွေဟာလည်း ၂ ဆလောက်မြင့်တက်လာနေတယ်လို့ ပြည်သူတွေက ညည်းတွားပြော ဆိုကြပါတယ်။
စစ်ကောင်စီကတော့ လျှပ်စစ်မီးကို အလှည့်ကျ စနစ်နဲ့ သတ်မှတ်ချိန်အတိုင်း မီးပေးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် အဲဒီထုတ်ပြန်ချက်အတိုင်း လျှပ်စစ်မီး အချိန်မှန် မလာသလို မိနစ်ပိုင်းလောက်ပဲ လာတာတွေကို ပြည်သူတွေက ကြုံတွေ့နေရတာလဲ ဖြစ်ပါတယ်။