ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က စစ်ကောင်စီက ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို အကြောင်းပြုပြီး အကျဉ်သား ၇၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ပဲ ပါဝင်ခဲ့သလို၊ လူသိများထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေ အနည်းအကျဉ်းသာ ပါဝင်ခဲ့ပါတယ်။
အဲဒီလို ပြန်လည်လွတ်မြောက်လာတဲ့အထဲမှာတော့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းကတည်းက ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရပြီး ထောင်ချခံလိုက်ရတဲ့ စာရေးဆရာ ဦးထင်လင်းဦးလည်း ပါဝင်ခဲ့ပါတယ်။
အကျဉ်းထောင်ထဲမှာ ဆီးချို ဝေဒနာရရှိလာခဲ့တဲ့ ဦးထင်လင်းဦးကတော့ သူ့ကို ဖမ်းဆီးစဉ်ကနေ လွတ်မြောက်လာတဲ့အထိ သူကြုံတွေ့လာတဲ့ အတွေ့အကြုံအချို့ကို ဧရာဝတီကို အခုလိုပဲ ပြောပြပေးထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup