မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ထံကနေ ထိုင်းအစိုးရက သိမ်းဆည်း ရမိထားတဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သား ဦးအောင်ပြည့် စုံနဲ့ သမီး ဒေါ်ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်နေတယ်လို့ Justice For Myanmar က ဇန်နဝါရီ ၁၁ ရက်က ထုတ်ဖော်လိုက်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ သူရဲ့ မိသားစုဝင်တွေဟာ A & M မဟာ အစားအစာနဲ့ ဆေးဝါးထုတ်ကုန် ကုမ္ပဏီ၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီ၊ Seventh Sense ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဖျော်ဖြေရေး ကုမ္ပဏီ၊ Stellar Seven ဖျော်ဖြေရေး ကုမ္ပဏီ၊ ချောင်းသာကမ်းခြေက Azura Beach Resort ၊ အောင်မြင့်မိုမင်း အာမခံကုမ္ပဏီ၊ မိုင်တဲ ဆက်သွယ်ရေး ကုမ္ပဏီ၊ ကန်သာ ယာဆေးရုံ၊ Pullman ဟိုတယ် (မန္တလေး)၊ မိုးကောင်းရတနာ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဆေးရုံ အစရှိတဲ့ လုပ်ငန်းပေါင်း များစွာကို လုပ်ကိုင်နေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင် မိသားစုဟာ စစ်အာဏာသိမ်းပြီး နောက်မှာလည်း ပြည်ပကနေ စက်သုံးဆီ တင်သွင်းခြင်း၊ တယ်လီ နော ဆက်သွယ်ရေး လုပ်ငန်းစုရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့တဲ့ ATOM ဆက်သွယ်ရေးကုမ္ပဏီ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးစီ မံကိန်းနဲ့ အခြားသော စီမံကိန်း တချို့ကိုလည်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် ရယူထားတာကို ဧရာဝတီသတင်းဌာနက ထုတ်ဖော်ရေးသားထားပြီး ဖြစ်ပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup