လားဟူတော်လှန်ရေး နှစ် ၅၀ ပြည့် အခမ်းအနားကို လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) က ထိုင်း-မြန်မာနယ်စပ်မှာ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။
လားဟူအမျိုးသားညီညွတ်ရေးပါတီကို လားဟူပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်နိုင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေဒေသရရှိရေး ရည်ရွယ်ပြီး ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
LDU ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) မှာ ၁၉၇၇ ခုနှစ်က စတင်ပါဝင်ခဲ့သလို ၂၀၁၁ ခုနှစ်က ဖွဲ့စည်းလိုက်တဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှာလည်း အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်းရေးဆွဲခဲ့တဲ့အထဲ ပါဝင်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
၂၀၂၁ စစ်တပ်က တိုင်းပြည်အာဏာသိမ်းအပြီးမှာတော့ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်နဲ့အဖွဲ့ကို LDU ကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။
LDU ဖြတ်သန်းခဲ့တဲ့ အခြေအနေတွေ၊ ရှေ့ဆက်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး LDU ဥက္ကဋ္ဌ ကျာဟားကို ဧရာဝတီက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup