ဆုန်ကရန် (Songkran) လို့ လူသိများတဲ့ ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့ အတွက် ကနဦးအဆိုပြုချက်ကို ယူနက်စကို (UNSECO) က လက်ခံလိုက်ပါတယ်။
သင်္ကြန်မှာ ရေပက် ကစားတဲ့ ထုံးစံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှက ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံတွေ အနှံ့တွေ့ရပြီး တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်နယ်အထိ ဆင်နွှဲကြပါတယ်။
မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကိုလည်း ရှေးဘုရင်တွေ လက်ထက်ထဲက ဆင်နွဲလာခဲ့ကြတော့ မြန်မာနဲ့ သင်္ကြန်ဟာ ခွဲခြားလို့မရပါဘူး။
ထိုင်းနိုင်ငံအနေနဲ့ သင်္ကြန်ပွဲတော်ကို UNSECO ကို တင်သွင်းလိုက်တော့ မြန်မာအနေနဲ့ကော တင်သွင်းလို့ ရနိုင်အုံးမလား၊ ဘာတွေပြင်ဆင် ဆောင်ရွက်စရာဖို့လို့မလဲ၊ ဘာအားနည်းချက်တွေ ရှိနေလဲ၊ဒီအခြေအနေတွေနဲ့ပက်သက်ပြီး ရှေးဟောင်း သုတေသနပြင်ပပညာရှင် ဆရာမဒေါ်ဥမ္မာမျိုးနဲ့ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။