လွတ်လပ်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တဲ့ အနေနဲ့ သတ်မှတ်ခဲ့တဲ့ ပြည်ထောင်စုနေ့ဟာ လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်မှာ ၇၆ နှစ် ပြည့်မှာပါ။
လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုရဲ့ အနှစ်သာရကို အမှန်တကယ် ခံစားခဲ့ကြရရဲ့လား၊ ဖဒရယ်စံနစ်ကို တကယ်သွားနေရဲ့လား ဆိုတာနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါ်မွန်းနေလီ ကို ဆက်သွယ်မေးမြန်းထားပါတယ်။