စစ်တပ်အာဏာသိမ်းပြီးနောက် နေပြည်တော်မှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ အသက် ၂၀ အရွယ် ကျောင်းသူ မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တာ ဒီနေ့ဆို ၃ နှစ်ရှိခဲ့ပါပြီ။
မမြသွဲ့သွဲ့ခိုင်ကို ရဲတပ်ဖွဲ့ကပစ်ခတ်လိုက်တဲ့ကျည်ဟာ ကျည်အစစ်ဖြစ်တယ်လို့ အဲ့ဒီဖြစ်ရပ်မှာ မမြသွဲ့သွဲ့ခိုင်ကို ဆေးကုသပေးခဲ့ရတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ဆရာဝန် ဒေါက်တာအဲလက်စ်က အတည်ပြုပါတယ်။ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသခံခဲ့ရပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဦးခေါင်းကို ထိမှန်ခဲ့တဲ့ ကျည်ဆံကြောင့် သေဆုံးခဲ့ရပါတယ်။