စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်အပြီး ထိုင်းနိုင်ငံသို့ မြန်မာလူငယ် အများအပြား အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာမှုများ ရှိလာနိုင်မည်ဟု စိုးရိမ်မှုများ မြင့်တက်လာနေသည်။
ထိုသို့ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာမည့်သူများ အနေဖြင့် ထိုင်းအစိုးရ၏ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ မူဝါဒ သဘောထားများအကြောင်း နားလည်ထားရန်နှင့် အခြေခံအားဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ရန် ထိုင်းဘာသာစကားကို နားလည်ရန် သင်ကြားထားဖို့ လိုသည်ဟု ထိုင်းတောင်ပိုင်း အခြေစိုက် FED ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီကို ပြောသည်။