၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်အတွင်း ရုရှားပြန်များကို ပခုံးချင်းယှဉ်လာသည့် နိုင်ငံခြားပြန်များ တဖွဲ့ပြီးတဖွဲ့ ပေါ်လာသည်။ ထိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်ပြန်များ ဖြစ်သည်။
မြန်မာပြည်နှင့် နယ်စပ်ထိတွေ့နေသည့် နိုင်ငံငါးနိုင်ငံအနက် လာအိုမှအပ ကျန်လေးနိုင်ငံမှ ပြန်လာကြသည့် နိုင်ငံခြားပြန် ထောင်နှင့်ချီ၍ မြန်မာစစ်တပ်တွင် ရှိခဲ့ပြီ။
ထိုနိုင်ငံခြားပြန်များသည် အိမ်နီးချင်းနိုင်ငံပေါင်းစုံသို့ လက်နက်အပြည့်အစုံနှင့် ထွက်ပြေးသည့် ဂုဏ်သိက္ခာမဲ့သူများ ဖြစ်၏။ သူတို့သည် သေရမည်ကို ကြောက်၍ ထွက်ပြေးကြသည့် ပြည်ပြေးများသာ။