ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ကျေးရွာက စစ်ကောင်စီနယ်မြေရဲစခန်းကို ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၂၇ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင် လောက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ဧရာ၀တီကို အတည်ပြု ပါတယ်။
ဖားကန့်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပြီး ရဲစခန်းကို စတင်သိမ်း လိုက်နိုင်တာ ဖြစ်ပါတယ်။
သတင်းမီဒီယာတချို့မှာတော့ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ကောင်စီ လေယာဉ်ကို KIA ဘက်ကနေ ပြန်လည် ပစ်ခတ်ရာမှာ ထိခိုက်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဧရာ၀တီ အနေနဲ့ကတော့ အတည်မပြုနိုင်သေးပါဘူး။