မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားအနီး ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ် ခလရ-၈၁ အပါအဝင် တပ်မ ၂၂ လက်အောက်ခံတပ်က စစ်သည် ၂၃ ဦးလက်နက်ချခဲ့ပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေယာဉ်ပစ်ကူတွေ တောက်လျှောက် ပေးခဲ့ပေမယ့် ၁၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိသူ များပြားခဲ့တာကြောင့် အသက်မသေဖို့အရေး လက်နက်ချ ခဲ့ကြတာလို့ လက်နက်ချ တပ်သားတွေက ဆိုပါတယ်။
လက်နက်ချခဲ့ချိန်မှာ ဒါဏ်ရာရ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ရဲဘော်တွေက လေယာဉ် ပစ်ကူတွေလာနေတဲ့ကြားကပဲ ကယ်ထုတ်ခဲ့ပြီး ဆေးဝါးကုသခွင့်တွေ ရရှိခဲ့တယ်လို့ ပြောပြပါတယ်။
ချောင်းနှစ်ခွတံတားကိုသိမ်းပိုက်တဲ့ တိုက်ပွဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)နဲ့ တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။