ရခိုင်ပြည်နယ် ၊ မြောက်ဦးအခြေစိုက်၊ ခမရ (၃၇၈) တပ်ရင်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့သတင်းသမား ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးကို အကြောင်းအရင်းမရှိပဲ သတ်ဖြတ်ခဲ့တယ်လို့ သတ်ဖြတ်မှုမှာ ပါဝင်ခဲ့သူတွေက ဖြောင့်ချက်ပေး ဝန်ခံခဲ့တဲ့ ဗီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီသတ်ဖြတ်မှုကို ဗိုလ်မှုး သိန်းထိုက်စိုးက တိုက်ရိုက်အမိန့်ပေးခဲ့တာဖြစ်ပြီး ပါဝင်ခဲ့ကြတဲ့ဗိုလ်ကြီးအာကာမြင့်နဲ့ ဒုတိယ ရဲမှုးကြီး ခင်မောင်စိုးကို ရက္ခိုင့်တပ်တော် (AA)ကဖမ်းဆီးရမိခဲ့ပြီးနောက် အခုလိုမျိုး ဖြောင့်ချက်ပေး ဝန်ခံခဲ့ကြတာပါ။
အဲဒီ အရပ်သားပြည်သူ ၇ ဦးကို သတ်ဖို့ တိုက်ရိုက်အမိန့်ပေးခဲ့တဲ့သူဗိုလ်မှူး သိန်းထိုက်စိုးဆိုတဲ့သူကတော့ ဘာကြောင့် သတ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။