ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက် ဆေးကုပေးထားကြောင်း ရက္ခိုင့်တပ်တော် AA က ဓါတ်ပုံတွေနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ တပ်တွေကနေ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရက္ခိုင့်တပ်တော် နဲ့ ရခိုင်ပြည်သူတွေက သူတို့မှာ ရှိတဲ့ ဆေးဝါး၊ ရိက္ခာတွေနဲ့ အခက်အခဲတွေကြားကနေ စောင့်ရှောက်ထားရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ ၊ ပုဏ္ဏားကျွန်းနဲ့ ပလက်ဝမြို့ စတဲ့ ၇ မြို့ကို AA က တိုက်ခိုက်သိမ်းပိုက်ထား နိုင်ခဲ့ပြီဖြစ်ပါတယ်။