ရခိုင်ပြည်နယ်တွင်းက မွတ်စလင် လူငယ်တွေကို စစ်ကောင်စီတပ်က အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်နေပြီး ရှေ့တန်း စစ်မြေပြင်တွေမှာ အသေခံ တပ်သားအဖြစ် စေခိုင်းကာ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်အောင် ဖန်တီးနေတယ်လို့ ရခိုင့်တပ်တော် AA က ပြောဆိုလိုက် ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည် စခန်းက အသက် ၁၈ နှစ်ကနေ ၃၅ နှစ် ကြား အရွယ် မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူအခြေစိုက် ခလရ (၅၄၂) က သူတို့ရဲ့ဆန္ဒမပါဘဲ အဓမ္မဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်ကို
သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ မွတ်စလင် လူငယ်တွေကို ဖမ်းဆီးပြီး အတင်းအကြပ် စစ်မှုထမ်းခိုင်းနေတဲ့ အခြေအနေတွေကို AA ဘက်ကတော့ မှန်ကန် တယ်လို့ အတည်ပြု ပြောပါတယ်။