ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ပိုမိုပြင်းထန်လာနေပြီး ပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ စစ်တွေမြို့ကိုပါ ခြိမ်းခြောက်နေပါတယ်။
စစ်တွေမြို့ AA လက်အောက် ကျရောက်သွားမှာ စိုးရိမ်နေတဲ့ စစ်တပ်ဟာ မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖမ်းဆီးမှုနဲ့ လမ်းခရီး ပိတ်ဆို့မှုတွေကြောင့် မြို့ခံတွေဟာ လုံခြုံရေး အန္တရာယ် အပါအဝင် အကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရပါတယ်။
ဒါပေမယ့် ရခိုင့်တိုက်ပွဲတွေရဲ့ အဆုံးသတ်ဖြစ်တဲ့ စစ်တွေကို အေအေက ဝင်ရောက် တိုက်ခိုက်ယူမှာလားဆိုတာ အေအေရဲ့ အဆုံးအဖြတ်ဖြစ်သလို တဖက်က စစ်ကောင်စီတပ်တွေရဲ့ အဆုံးအဖြတ်ပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေတယ်လို့ ရခိုင် နိုင်ငံရေး သမားတွေက မှတ်ချက်ပြုထားပါတယ်။