ရန်ကုန် အပါအဝင် မြို့ကြီးတချို့မှာ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်ကြား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် လူစာရင်းစတင်ကောက်ခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေကြရသူတွေက ဧရာဝတီကို ပြောပါတယ်။
မြို့နယ်အလိုက် စာရင်းကောက်ခံတဲ့ ပုံစံ မတူညီပေမယ့် အရွယ်ကောင်း လူငယ်အမျိုးသားတွေကို ဧည့်စာရင်းယူတာတွေ၊ ဖောင်ဖြည့်ခိုင်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ မဲနှိုက်ရတာတွေနဲ့ အချို့နေရာတွေမှာဆိုရင် နာမည်နဲ့တကွ ဆင့်ခေါ်စာ အပို့ခံရတာတွေ ရှိနေပါတယ်။
လက်ရှိ ရန်ကုန်မြို့အတွင်းက သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွှန့်၊ တာမွေ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မရမ်းကုန်း၊ ကွမ်းခြံကုန်း၊ ကော့မှူး နဲ့ လှည်းကူး အစရှိတဲ့ နေရာတွေမှာ စတင်ကောက်ခံနေပြီလို့ သိရပါတယ်။