ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ် ၇ ရက်က စတင်ပြီး လိုင်ဇာမြို့အနီးက စစ်ကောင်စီ တပ်စခန်းဌာနချုပ်တွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်က တပ်စခန်းတွေကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ တပ်စခန်းအကြီးအသေး ၃၀ လောက် သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။
ကချင်ထိုးစစ်ဟာ လိုင်ဇာလုံခြုံရေးနဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို ထိန်းချုပ်ရေးသာမက အဓိက ဝင်ငွေရနေတဲ့ ဖားကန့်ကိုလည်း ပိတ်ဆို့လိုက်နိုင်ပါတယ်။ အခုဆိုရင် မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်မြို့တွေဟာ ဝိုင်းပတ်ပိတ်ဆို့ခံလာနေရပြီး ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဒီနှစ်အတွင်း ကချင်ပြည်နယ်ကို KIA သိမ်းယူလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။
စစ်ဆင်ရေးအမည်တပ်တာ မရှိတဲ့ အဲဒီထိုးစစ်မှာ KIA နဲ့အတူ ရက္ခိုင့်တပ်တော်(AA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တွေလည်း ပါဝင်တိုက်ခိုက်နေကြပါတယ်။