မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လိုက်တဲ့ စစ်အာဏာရှင် တိုက်ဖျက်ရေး တပ်ဖွဲ့ဟာ ကရင်နဲ့ မွန် နယ် အစပ်မှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေမှာ စတင်ပါဝင်နေပြီဖြစ်ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာရှိ တဲ့ ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းကို တိုက်ခိုက်ခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က စခန်းသိမ်းတိုက်ပွဲမှာ စတင် ပါဝင်ခဲ့တာဖြစ်ပါတယ်။
ကော့ဘိန်း ရဲစခန်းဟာ စစ်ကောင်စီရဲ့ နယ်မြေတွေကို ထိန်းသိမ်းထားနိုင်ဖို့ ရှေ့တန်းခံစစ်အနေနဲ့ ရှိနေတာကြောင့် စစ်ရေးအရ နှစ်ဖက်စလုံးအတွက် အရေးပါမှုရှိတဲ့ နေရာတခုလည်း ဖြစ်တယ်လို့
ဆိုပါတယ်။