ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကို ဖြတ်သန်းသွားလာသူ ၃၀ နီးပါး ပျောက်ဆုံးနေပြီး အဲဒီထဲကအချို့ကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြန်လည် လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
တောင်ကြီး – ဆိုက်ခေါင် – ဆီဆိုင် လမ်းကနေ ကရင်နီပြည်နယ် လွိုင်ကော်အထိ သွားရောက်နိုင်တဲ့ ဆိုက်ခေါင်- ဆီဆိုင် လမ်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကရင်နီမှတ်ပုံတင် ၂/ ကိုင်ဆောင်သူတွေ အပါအဝင် ပအိုဝ်းဒေသခံတွေပါ ပျောက်ဆုံး နေတာဖြစ်ပါတယ်။
၂ လအတွင်း အယောက် ၃၀ နီးပါး ပျောက်ဆုံးနေတာဖြစ်ပြီး ပျောက်ဆုံးသွားသူတွေဟာ အခြားဒေသ တွေမှာ သွားရောက်နေထိုင်နေရာကနေ မွေးရပ်ဒေသကို ပြန်ရင်း လမ်းမှာ စစ်ဆေးမေးမြန်းခံရပြီး နောက် ဖမ်းဆီးခံကြရတာဖြစ်တယ်လို့ ဆိုပါတယ်။