အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ကျင်းပခဲ့တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားဟာ အရင်နှစ်တွေကနဲ့ မတူဘဲ ညနေ နေဝင်ချိန်မှာ ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် အရင်နှစ်တွေမှာ မြင်တွေ့ရတဲ့ လက်နက်ကြီးယန္တယား စစ်ကြောင်းတွေ မတွေ့ရသလို တိုက်လေယာဉ်တွေလည်း ပြသနိုင်ခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။
စစ်ခေါင်းဆောင်ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ တနိုင်ငံလုံး သမိုင်းဝင် စစ်ရှုံးနေတာကို ထည့်သွင်းပြောကြားခဲ့တာမျိုး မရှိပေမယ့်၊ စစ်တပ်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ လက်လွှတ်ခဲ့ရတဲ့ နေရာတွေကို ပြန်လည်ရရှိအောင် ထိထိရောက်ရောက် အရေးယူလုပ်ဆောင်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။
ဒါပေမယ့် တပ်မတော်နေ့ပြုလုပ်နေတဲ့ တချိန်တည်းမှာပဲ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေကတပ်မဟာ ၅ နယ်မြေမှာရှိတဲ့ ဖာပွန်မြို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေက အတည်ပြုပါတယ်။