အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားပြီး ဥပုသ်စောင့်ကြတဲ့ ရမ်ဇာန်ဥပုသ်ကာလဟာ မြန်မာနိုင်ငံမှာ မတ်၁၂ရက်ကနေ စတင်ပြီး ဧပြီလ ၁၁ရက်လောက်အထိ ဖြစ်မယ်လို့ အစ္စလာမ် ဘာသာဝင်တွေက ပြောပါတယ်။
ဒီလိုဥပုသ်ကာလမှာ အစ္စလာမ်ဘာသာဝင်တွေဟာ မနက်အရုဏ်တက်ချိန်က စတင်ပြီး နေဝင်ချိန်အထိ အစားအစားနဲ့ ရေမသောက်ဘဲ ဥပုသ်စောင့်ကြ တာပါ။ ဆင်းရဲနွမ်းပါးသူတွေကိုလည်း ကူညီကြည့်ရှုပြီး ကုသိုလ်ယူကြပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက စစ်ဖြစ်နေတဲ့ ဒေသတွေမှာ နေထိုင်နေကြရပြီး စစ်ဘေးရှောင်နေကြရတဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ရမ်ဇာန်ဥပုသ်ကာလမှာ ပါဝင်နိုင်ဖို့ ခက်ခဲနေကြတာပါ။