၇၉နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုညစာစားပွဲမှာ သီဆိုဖျော်ဖြေခဲ့တဲ့ အဆိုတော်နေမင်းအိမ်ကို အဖွဲ့ကနေ ထုတ်ပယ်ကြောင်း ကြေညာလိုက်တဲ့ Velocity တီးဝိုင်းအဖွဲ့သား ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီး လိုက်ပါတယ်။
အဆိုတော် နေမင်းအိမ်ပါဝင်တဲ့ Velocity Band အဖွဲ့ဟာ ပြီးခဲ့တဲ့မတ်လ ၃၀ရက်နေ့က သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ နေမင်းအိမ်နဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်း အင်္ဂလိပ်လို ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အဖွဲ့ဝင် တဦးချင်းစီရဲ့နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မိသားစုဝင်တွေနဲ့ အခုထိ အဆက်အသွယ် မရသေးလို့ သိရပါတယ်။