ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ဆရာတော်တွေဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ တပ်မဟာ (၆) ထံ ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ တိုက်တွန်းစာ တစ်စောင် ဧပြီလ ၅ ရက်နေ့က ပေးပို့ခဲ့ပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ မြဝတီမြို့နဲ့ ကော့ကရိတ် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို KNU တပ်မဟာ (၆) လက်အောက်ခံ တပ်တွေနဲ့ ပူးပေါင်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မဘသ ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်နဲ့ပတ်သက်ပြီး ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) နဲ့ မှော်ဘီ ရွှေဝါရောင်ဆရာတော် ဦးဃောသိတသာရ တို့ရဲ့ သဘောထား အမြင်ကို လျှောက်ထားခြင်းဖြစ်ပါတယ်။