ထိုင်း-မြန်မာ နယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက လမ်းခုလပ်မှာ ဖြတ်တိုက်နေတယ်လို့ မြေပြင်သတင်းရရှိပါတယ်။
ဘားအံဘက်ကနေ မြဝတီကို ဦးတည်လာတဲ့ စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းဟာ ဒေါနတောင်ကြောမှာ KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရဲ့ ကြားဖြတ် တိုက်ခိုက်ခြင်းကို ခံနေရတာဖြစ်ပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးပြီး သံချပ်ကာ တင့်ကား ၂ စီးထက် မနည်း ဖျက်ဆီးထားနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်မှုဆောင် ပဒိုစောတောနီးက ထိုင်းမီဒီယာအချို့ကို ပြောထားတာ တွေ့ရပါတယ်။