သင်္ကြန်ရေကစားပွဲတော်ကို စည်စည်ကားကားကျင်းပနိုင်ခဲ့တဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက ချင်းမိုင်မြို့နယ်မှာ ရေကစားပွဲတော်ကို တပတ်ထပ်ပြီးကျင်းပသွားမယ်လို့ ချင်းမိုင်မြို့ရဲ့ ရပ်ရွာစီးပွားရေးအဖွဲ့က ကြေညာလိုက်ပါတယ်။
ကျင်းပမယ့်နေရာဟာ ဒွိုင်စကေ့မြို့နယ်ထဲမှာရှိတဲ့ မဲ့ကွမ် ရေကာတာအောက်က ရေလွှတ်မြောင်းမှာ ကျင်းပမှာဖြစ်ပြီး ဧပြီလ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ အဲဒီပွဲတော်ကို နိုင်ငံခြားသားတွေ လာရောက် လည်ပတ်ကြဖို့ တာဝန်ရှိသူတွေက ဖိတ်ခေါ်ထားပါတယ်။
ဒီနေရာဟာ မဲ့ကွမ် ရေကာတာက လွှတ်ပေးတဲ့ မြောင်းထဲမှာ ရေကစားကြရတဲ့နေရာဖြစ်ပြီး သင်္ကြန် ကာလအတွင်း ရေကစားသူတွေနဲ့ အစည်ကားဆုံးနေရာတွေထဲမှာလည်း ပါဝင်ပါတယ်။ ရပ်ရွာစီးပွားရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စားသောက်ဆိုင်တွေကိုလည်း စျေးရောင်းချခွင့်ပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။