ကချင်ပြည်နယ်၊ မိုးမောက်မြို့ပေါ်က မြို့ခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရပြီး လူသားဒိုင်းကာ အဖြစ်အသုံးချခံနေရတယ်လို့ အဖမ်းခံထားရသူတွေနဲ့ နီးစပ်တဲ့ မိသားစုဝင်တွေက ဧရာဝတီကို ပြောပါတယ်။
အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီရဲ့ ခြေလျှင်တပ်ရင်း ခလရ ၄၃၇ တပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်က ဘုရားကျောင်း၊ စျေးနဲ့ နေအိမ်တွေမှာ ဖြန့်ကြက်တပ်စွဲထားပြီး ဖမ်းဆီးထားတဲ့ မြို့ခံတွေကို အကာအကွယ်အဖြစ်ပြုလုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
မြို့ပေါ်မှာ တပ်စွဲလိုက်တဲ့ စစ်ကောင်စီက ဒေသခံတွေရဲ့ နေအိမ်တွေ၊ စားသောက်ဆိုင်တွေနဲ့ စျေးဆိုင်တွေကို ဖောက်ထွင်း ခိုးယူနေတယ်လို့လည်း ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မြို့ခံသတင်းရင်းမြစ်က ပြန်ပြောပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ မိုးမောက်မြို့ခံတွေကို ခြိမ်းခြောက်ထားတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဇော်မြတ်ခန့်၊ ဧပြီ ၂၆၊ ၂၀၂၄