ကိုးကန့်အဖွဲ့လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က အကျဉ်းသားတွေကို သေဒဏ်ပေးတဲ့ လုပ်ရပ်အပေါ် ဥရောပသမဂ္ဂ (EU) က အပြင်းအထန် ဆန့်ကျင်ကြောင်း ထုတ်ပြန်ပါတယ်။
ပြစ်မှု ကျူးလွန်သူတွေဟာ ၁၀၂၇ စစ်ဆင်ရေးကာလက ပြည်သူတွေအပေါ် ငွေကြေး အဓမ္မ တောင်းခံတာ၊ ပြန်ပေးဆွဲတာတွေအပြင် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ အမှုတွေကြောင့် သေဒဏ် ချမှတ်ခဲ့တာလို့ ကိုးကန့်တပ် က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၂၄ ရက်နေ့က ပြစ်မှုအကျဉ်းသား ၁၀ ဦးကို မြို့တော် လောက်ကိုင်က အများပြည်သူရှေ့မှောက် တရားစီရင်ခဲ့ပြီး အဲဒီအထဲက ၃ ဦးကို သေဒဏ်စီရင်ခဲ့တာလို့ သိရပါတယ်။
MNDAA ရဲ့ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး EU က ထုတ်ပြန်ခဲ့သလို လူ့အခွင့်အရေး လှုပ်ရှားသူ တချို့နဲ့ နိုင်ငံရေး သုတေသီ တချို့ကလည်း ထောက်ပြ ဝေဖန်နေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR