မကွေးတိုင်းနဲ့ ချင်းပြည်နယ်နယ်စပ်က ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်ကနေ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို လက်နက်တပ်ဆင်ပေးပြီး ရှေ့ကနေ အသေခံ တိုက်ခိုင်းတာတွေ လုပ်ခဲ့တယ်လို့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရှေ့တန်းကာကွယ်ရေး တပ်ဖွဲ့တွေက ဧရာ၀တီကို ပြောပါတယ်။
ကျင်ဒွေးမြို့ကို ချင်းညီနောင်စစ်ဆင်ရေး(CB operation)အဖြစ် ချင်းညီနောင်မဟာမိတ် အဖွဲ့တွေ အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့ တွေနဲ့အတူ အာရက္ခတပ်တော် AA ပါဝင်တဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး ၅၄ ရက်အကြာ ဧပြီ ၂၉ ရက်မှာ မြို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
ကျင်ဒွေးမြို့ဟာ လောင်းရှည်၊ ဆော၊ ကျောက်ထု စတဲ့ PDF တွေအားကောင်းတဲ့ ယောဒေသ၊ ချင်း CDF တွေ အားကောင်းတဲ့ မင်းတပ်၊ ကန်ပက်လက်ဒေသ တို့နဲ့ ချိတ်ဆက်နေသလို AA ထိန်းချုပ်ထားတဲ့ မြောက်ဦး၊လေးမြို့ချောင်းဖျား ဒေသ တို့နဲ့လည်း ဆက်စပ်နေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR