ရန်ကုန်မြို့ပေါ်မှာ နေထိုင်နေကြတဲ့ ပြည်သူတွေဟာ နိုင်ငံရေး၊ စီးပွားရေး အကြပ်အတည်းတွေရဲ့ ရိုက်ခက်မှုတွေကို ရင်ဆိုင်ခံစားနေကြရတဲ့အပြင် လျှပ်စစ်မီးမရရှိတဲ့ ဒုက္ခကိုပါ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။
ရန်ကုန်မှာရှိတဲ့မြို့နယ်တွေကို စစ်ကောင်စီက အချိန်ပိုင်းနဲ့ လျှပ်စစ်မီးပေးတဲ့ စနစ်ကိုကျင့်သုံးနေပေမယ့် အချိန်အတိအကျနဲ့ ပုံမှန်ပေးတာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။
အထပ်မြင့်အဆောက်ဦးတွေရှိပြီး လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို အသုံးပြုနေရတဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ထမင်းဟင်းချက်တာ၊ ရေတင်တာတွေကစလို့ နေ့စဉ် လုပ်ငန်းတွေမှာ လျှပ်စစ်မီးမရရှိတာကြောင့် ခက်ခဲနေကြရပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်အချိန် ၂၀၁၈ ခုနှစ်လောက်စတင်ကာ လျှပ်စစ်မီးပြတ်တောက်မှုမရှိသလောက် အထိ တိုးတက်နေတဲ့ ရန်ကုန်မြို့ဟာ အာဏာသိမ်းပြီးနောက်မှာတော့ အလှည့်ကျ မီးပေးစနစ်အောက်ကို ပြန်လည်ရောက်ရှိနေပြီး မီးပုံမှန်မရရှိတော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းလာပြီး မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍက ကျဆင်းလာနေတယ်လို့ ၂၀၂၃ ခုနှစ်စက်တင်ဘာလအတွင်းက ထုတ်ပြန်ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာရေးသားထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR