အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ်ထဲက ထောင်တွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာ နိုင်ငံသား ၂၀၀ ကျော်ရှိနေပြီး အဲ့ဒီထဲက ပထမဆုံးအသုတ်အနေနဲ့ အမျိုးသမီးနဲ့ ကလေးငယ် ၃၈ ဦးကို အိန္ဒိယဘက်က မိုရေး-တမူးနယ်စပ်ကတဆင့် မေလ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်လွဲပြောင်းပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် အစိုးရက မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေကို ယာယီခိုလှုံခွင့်ပေးထားပေမယ့် ကသည်းနဲ့ ကူကီး လူမျိုးတွေအကြား ပဋိပက္ခဖြစ်ထားတဲ့ မဏိပူရ်ပြည်နယ်မှာတော့ မြန်မာနိုင်ငံက ဝင်ရောက်လာသူတွေကို ဖမ်းဆီးထောင်ချ ထားတာပါ။ ထောင်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးတွေပါဝင်နေသလို ထောင်တွင်းမီးဖွားရတဲ့ အမျိုးသမီးတွေလဲ ရှိနေပါတယ်။
မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်ထဲမှာ မလွှတ်မြောက်သေးတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် အိန္ဒိယကို ထွက်ပြေးခိုလှုံ နေရတဲ့ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာထောက်ထားဖို့ အိန္ဒိယ အစိုးရကို တိုက်တွန်းတောင်းဆိုနေတဲ့ India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုရ်ခါကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR