မြန်မာ့ ပြည်တွင်းရေး အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီးဖြေရှင်းဖို့အတွက်ဆိုပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာနဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့အတူ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကချင် အမျိုးသား အစည်းအရုံး (KNO)တို့အပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ကိုလည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
သက်ဆင်နဲ့ မြန်မာ့တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံမှုဟာ သက်ဆင်ရဲ့ပုဂ္ဂလိက အခွင့်အရေးဖြစ်ပြီး ထိုင်းအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒကိုကိုယ်စားမပြုဘူးလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး က ဆိုထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR