အာဏာသိမ်း စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံပြည်သူတွေဟာ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ခံစားနေရကြရပါတယ်။
ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာဆိုရင် ဆန်ဈေးဟာ သုံးဆလောက် မြင့်တက်နေသလို တခြားအခြေခံစားသသောက်ကုန်ပစ္စည်းစျေးနှုန်းတွေလည်း ထိုးတက်နေပါတယ်။
AA ရဲ့ စစ်ဆင်ရေးတွေ မစခင် ဧည့်မထဆန် ၂၄ ပြည်ဝင် တအိတ်ကို ကျပ် ၄ သောင်းခွဲကနေ ကျပ် ၅ သောင်းသာရှိခဲ့ပေမယ့် လက်ရှိမှာ ကျပ် ၁ သိန်း ၄ သောင်းဝန်းကျင် ပေးဝယ်နေကြရပါတယ်။
စစ်ကောင်စီဟာ ပြည်မကနေ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်တဲ့လမ်းတွေကို ဖြတ်တောက်ထားရုံတင်မကဘဲ ရန်ကုန်နဲ့မန္တလေးလိုနေရာမျိုးတွေကနေ ရခိုင်ပြည်နယ်ထဲဝင်တဲ့ လမ်းတွေကိုပါ တင်းကြပ်ထားတာကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR