စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ ရွာသူ၊ ရွာသားတွေကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ပါတယ်။
စစ်တပ်နဲ့ ပျူစောထီးအင်အား ၇၀ ကျော်ဟာ လက်ထုတ္တောကျေးရွာကို မေလ ၁၁ ရက်နေ့ကအင်အားသုံး စီးနင်းခဲ့ပြီး အနောက်ကျောင်းမှာ ခိုလှုံနေသူ ၂၈ ဦးနဲ့ အရှေ့ကျောင်းမှာခိုလှုံနေသူ ၄ ဦးကို ပစ်ခတ် သတ်ဖြတ် ခဲ့တာဖြစ်တယ်လို့ နောက်ဆုံးရရှိထားတဲ့ မြေပြင်က အချက်အလက်တွေအရသိရပါတယ်။
စစ်ကောင်စီဟာ ဘုန်းကြီးကျောင်းအတွင်းက ပြည်သူတွေကို ကျေးရွာထဲက PDF ခေါင်းဆောင်ကိုသိလား ဆိုပြီး မေးမြန်းခဲ့ပြီး၊ မသိဘူးလို့ ပြောတဲ့ အမျိုးသားတွေကို သေနတ်နဲ့ ရည်ရွယ်ချက်ရှိရှိပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဖြစ်စဉ်မှာ အသက်မသေပဲ လွတ်မြောက်ခဲ့သူ အမျိုးသားတဦးက သူတွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။
စစ်ကြောင်း ဝင်ရောက်စီးနင်းမှုကြောင့် သေဆုံးသူတွေဟာ အသက် ၁၅ နှစ်ကနေ ၆၀ နှစ် အတွင်းဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ပြည်သူက ၁၆ ဦးရှိနေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR