ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ကြမယ့် အမျိုးသားတွေထဲကမှ အသက် ၂၃ နှစ်ကနေ ၃၂ နှစ်အတွင်း အရွယ်တွေကို ပြည်ပမှာ အလုပ်လုပ်ကိုင်ခွင့် အသစ်လျှောက်ထားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စိစစ်ကန့်သတ်နေပါတယ်။
အမျိုးသားတွေကို ဘာကြောင့် အခုလို အသက်အရွယ် အပိုင်းအခြားနဲ့ ပြည်ပအလုပ်လုပ်ကိုင်ခွင့် ကန့်သတ်စိစစ်ထားရတယ်ဆိုတဲ့ အကြောင်းအရာတွေကိုတော့ စစ်ကောင်စီက တရားဝင်စာထုတ် ပြောဆိုထားတာမျိုး မရှိပါဘူး။
စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတာတွေ ဟာ အဘက်ဘက်ကနေ ကျဆင်းယိုယွင်းလာတာတဲ့အပြင်၊ ကုန်စျေးနှုန်းတွေကလည်း အဆမတန် မြင့်မားလာပြီး၊ လုပ်ခလစာဝင်ငွေနဲ့ လုံလောက်မှုမရှိတာတွေကြောင့် လူငယ်တွေဟာ ပြည်ပကို ထွက်ခွာဖို့ ရွေးချယ်လာကြတာဖြစ်ပါတယ်။
ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာ စစ်ရှုံးနေပြီး၊ စစ်သည်အင်အား ပြုန်းတီးနေတဲ့ စစ်ကောင်စီ ကလည်း လူငယ်တွေကို စစ်မှုထမ်းခိုင်းပြီး၊ စစ်အင်အားပြန်လည်ဖြည့်တင်းဖို့ အတင်းအကျပ် စီစဉ်လုပ်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR