ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့ပေါ်မှာ၂၀၂၄ ခုနှစ် ဧပြီလ အတွင်းက ဆိုးဝါးလွန်းတဲ့ မီးရှို့ဖျက်ဆီးမှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့တဲ့သူတွေဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) လက်အောက်ခံတပ်တွေဖြစ်ပြီး ရာနဲ့ချီတဲ့ အရပ်သား နေအိမ်တွေကို ဝင်ရောက် လုယက်တာနဲ့ ရိုက်နှက်၊ သတ်ဖြတ်တာတွေကိုပါ လုပ်ဆောင်သွားတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတွေက ဧရာဝတီကို ပြောပြကြပါတယ်။
ဘူးသီးတောင်မြို့ပေါ်မှာ ရပ်ကွက် ၇ ခုရှိပြီး အဲ့ဒီအထဲကမှ ရပ်ကွက် အများစုဟာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အတွက် မြို့ပေါ်မှာရှိတဲ့ ၇၀ ရာခိုင်နှုန်းလောက် ပျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။
မီးရှို့သူအများစုဟာ စစ်ကောင်စီ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ မွတ်ဆလင်တွေဖြစ်ကြပြီး ကွပ်ကဲသူတွေကတော့ စစ်တပ် အရာရှိတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လူမျိူးရေး သွေးခွဲမှုတွေကြောင့် နှစ်ဘက် ဒေသခံ အသိုင်းအဝိုင်းတွေအကြားမှာ ကြောက်ရွံ့မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR