ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးက နမ့်ပေါင်လေတပ်စခန်း အပါအဝင် ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေအခြေစိုက် ထားတဲ့ တပ်စခန်း ၁၀ ခုကို မေလ ၁၇ ရက်နေ့ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) ပူးပေါင်း တပ်တွေက တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။
အခုတိုက်ခိုက်နေတဲ့ တပ်စခန်းတွေဟာ KIA တပ်မဟာ ၃ အခြေစိုက်ရာ ဗန်းမော်ခရိုင် အတွင်းမှာ ရှိတဲ့ တပ်စခန်းတွေဖြစ်ပြီး စစ်ကောင်စီဟာ နှစ်ပေါင်းများစွာ ခြေကုပ်ယူထားတဲ့ အရေးပါတဲ့ စခန်းတွေဖြစ်တာ ကြောင့် အခုလို ပြန်လည်တိုက်ခိုက် သိမ်းပိုက်နေတာလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR