မန္တလေး၊ စစ်ကိုင်း နဲ့ မကွေးဒေသတွေမှာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အရပ်သားပြည်သူ ၇၀ နီးပါးဟာ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။
စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေမှာ စစ်ရှုံးနေတဲ့ အခြေအနေမှာ မြန်မာပြည် အလယ်ပိုင်းဒေသကို ဖိနှိပ်မှုတွေ ပိုလုပ်ပြပြီး သူတို့ တပ်တွင်း စိတ်ဓာတ်မြင့်တင်ရေး လုပ်လေ့ရှိတယ်လို့ အညာဒေသ တော်လှန်ရေး အဖွဲ့တွေက ပြောပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသဟာ ဗမာလူမျိုး အများစု နေထိုင်တဲ့ တိုင်းဒေသတွေထဲမှာ တော်လှန်ရေး အားအကောင်းဆုံး ဒေသတွေ ဖြစ်လာပြီးတဲ့နောက် စစ်ကောင်စီကလည်း အဲ့ဒီဒေသတွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းဖို့ ကြိုးစားနေတာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR