ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (K-PDF) ပူးပေါင်းတပ်တွေဟာ ဝိုင်းမော်ကို သိမ်းတဲ့အနေအထားရောက်လာတာမို့ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားက နေ့လားညလား ခြိမ်းခြောက်ခံနေရပါပြီ။
လက်ရှိ ကချင်စစ်မျက်နှာမှာ ပြည်မက မြစ်ကြီးနား၊ သံလမ်းရိုးသို့လည်းကောင်း၊ ဗန်းမော်သို့လည်းကောင်း၊ ဖားကန့်သို့လည်းကောင်း၊ ပူတာအိုသို့လည်းကောင်း မော်တော်ယာဉ်၊ ရထား၊ သင်္ဘောတွေ အသုံးပြုပြီး ထောက်ပို့လုပ်လို့ မရနိုင်တော့ပါ။ အားလုံး ဖြတ်တောက်ခံထားရပါပြီ။
မကြာမီ မိုးရာသီရောက်တော့မှာမို့ လေကြောင်းအသုံးပြု ထောက်ပို့မှုလည်း ခက်လာပါမယ်။ လက်ရှိအခြေအနေအရ စစ်တပ်က ကချင်စစ်မျက်နှာမှာ ပြန်လှန် ထိုးစစ်ဆင်နိုင်ခြေ မရှိပါ။ အခု ရွှေညောင်ပင်၊ ဝိုင်းမော်ကျရင် မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို ဆက်ထားတဲ့ ဧရာဝတီမြစ်ကူးတံတား ဗလမင်းထင်ကို စစ်တပ်က ချိုးပစ်နိုင်တယ်လို့ စိုးရိမ်မှုတွေလည်း ထွက်နေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR