မကွေးတိုင်း၊ ဆောမြို့နယ်က အကြည်ပန်းပလွန်ရွာ ဘုန်းကြီးကျောင်းလေကြောင်းပစ်ခတ်ခံရမှု ဖြစ်စဉ်မှာ စစ်တပ်ဟာ မီးလောင်ဗုံးကိုသုံးသွားတယ်လို့ လေကြောင်းအတတ်သင်လေတပ်စခန်း ဌာနချုပ် ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့တဲ့ တပ်ကြပ်ကြီးနောင်ရိုးက ပြောပါတယ်။
မင်းတပ်- ပခုက္ကူကားလမ်းဘေးမှာရှိတဲ့ အကြည်ပန်းပလွန်း ရွာရဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က မေ ၉ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၁၅ ယောက်ပွဲချင်းပြီး သေဆုံးခဲ့သလို လူ ၂၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ စစ်ကောင်စီဟာ သတင်းကြိုရခဲ့တာဖြစ်ပြီး ရုတ်တရက်တိုက်ခိုက်တဲ့ ပုံစံကို အသုံးပြုခဲ့ တာလို့ တပ်ကြပ်ကြီးနောင်ရိုးက ဆိုပါတယ်။
အပတ်စဉ် စနေနေ့တိုင်း တင်ဆက်နေတဲ့ “ပြည်သူ့စစ်သားရင်တွင်းစကား အစီအစဥ်” မှာ CDM တပ်ကြပ်ကြီးနောင်ရိုး ပြောကြားချက်ကို ကောက်နုတ် တင်ပြထားတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR