နိုင်ငံသူ၊ နိုင်ငံသားတွေပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကို အုတ်မြစ်ချပေးခဲ့ပါတယ်။
ခန်းမဆောင်အလယ်ဗဟိုချက်တည့်တည့်မှာ ပတ္တမြားရတနာ အုတ်မြစ်တော်ကို ချပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကဖော်ပြကြပါတယ်။ ဗုဒ္ဓတက္ကသိုလ်ရဲ့ အုတ်မြစ်ကို အဖိုးတန်ပတ္တမြားနဲ့ စစ်ခေါင်းဆောင်က ဦးဆောင်ပြီးချခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်က ဦးဆောင်ခဲ့တာဖြစ်ပြီး အခမ်းအနားမှာ စစ်ခေါင်းဆောင်ကိုးကွယ်တဲ့ ဆရာတော်တွေထဲ သီတဂူဆရာတော်နဲ့ ဆရာတော် အရှင်ဆေကိန္နလည်း ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။
တနိုင်ငံလုံးစစ်ရေးအရတင်းမာမှုရှိနေတဲ့အပြင် တပ်စခန်းတွေနဲ့ တပ်သားတွေ အများအပြား လက်လွှတ်ဆုံးရှုံးနေရတဲ့အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ပန္နက်ချပွဲကို တခမ်းတနားတက်ရောက်နေတာဖြစ်ပါတယ်။