စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း မြန်မာနိုင်ငံမှာ လူပေါင်း ၅ သောင်းနီးပါး သေဆုံးခဲ့ရပါတယ်။ ဒီထဲမှာမှ ၃ သောင်းကျော်ဟာ နိုင်ငံအတွင်းပဋိပက္ခတွေအကြားက တိုက်ပွဲတွေ၊ လက်နက်ကြီး ထိမှန်မှုတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ကြားကနေဘဲ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ လက်နက်တွေကို မိတ်ဖက်နိုင်ငံတွေကနေ ဝယ်ယူခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အထူးအစီရင်ခံတင်ပြသူ တွမ်အန်ဒယူးရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရသိရပါတယ်။
ဒီအစီရင်ခံစာမှာ မြန်မာစစ်တပ်ကို အဓိက လက်နက် တင်ပို့ရောင်းချနေတဲ့နိုင်ငံ ၅ နိုင်ငံ ပါဝင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက နိုင်ငံကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ ရုရှား နဲ့ အိန္ဒိယနိုင်ငံတွေဟာ စစ်ကောင်စီနဲ့ လက်နက်တိုက်ရိုက် ရောင်းဝယ်မှု အများဆုံး နိုင်ငံတွေ ဖြစ်ပါတယ်။
ဒီနိုင်ငံတွေကလာတဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ စက်ရုံတွေကနေ လက်နက်ငယ်တွေနဲ့ အခြားစစ်ကူပစ္စည်းတွေလည်းအများအပြား ထုတ်လုပ်နေနိုင်တာ ဖြစ်ပါတယ်။ ဒီလို တရားဝင် ရောင်းဝယ်နေတဲ့ လက်နက်တွေကို အသုံးပြုပြီး စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။ ဒါကို နိုင်ငံတကာက အပြင်းအထန် ဝေဖန်ကန့်ကွက်နေပြီး စစ်ကောင်စီကို လက်နက် ရောင်းချတာတွေရပ်ဖို့ တိုက်တွန်းမှုတွေလည်းရှိနေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR