မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင်က ဆေးဝါးမှန်သမျှကို အချိန်မရွေး လိုသလောက် ဝယ်လို့ရပေမယ့် အခုအချိန်မှာတော့ ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ဆေးပြတ်လပ်တာ ဝယ်မရတာမျိုးတွေကို ဝေဒနာရှင်တွေ ကြုံနေရပြီလို့ ဆေးဆိုင်တွေနဲ့ ဆရာဝန်တွေက ပြောပါတယ်။
အိမ်သုံးဆေးကစလို့ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အာရုံကြောနဲ့ ကျောက်ကပ်စတဲ့ နာတာရှည်ရောဂါ ဝေဒနာရှင်တွေ ကာလရှည် စွဲသောက်နေရတဲ့ ဆေးတချို့ဟာ အမေရိကန်ဒေါ်လာဈေး တက်တာ ၊ ဆေးဝါးတင်သွင်းဖို့ ခွင့်ပြုချက်ရဖို့ မလွယ်ကူတာ စတဲ့ အကြောင်းကြောင်းတွေကြောင့် ဈေးနှုန်း အဆမတန် မြင့်လာသလို ဈေးကွက်မှာ ပစ္စည်းရှားပါးပြီး ဆေးဝါးပြတ်လပ်လုနီးပါး ဖြစ်နေတာပါ။
လက်ရှိ အခြေအနေမှာဆိုရင် နာတာရှည် ရောဂါတွေအသုံးပြုရတဲ့ ဆေးဝါးတွေဟာ ဈေးကြီးတာ ၊
ရှားပါးပြတ်လပ်တာ တွေအပြင် အလားတူ အာနိသင်ရှိတဲ့ ဆေးကိုတောင်လိုသလောက် ဝယ်လို့ မရတော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR