ထိုင်းနိုင်ငံက ဆရာတော်တပါးဟာ ဘတ် ၇ သန်းနီးပါးတန်ကြေးရှိတဲ့ BMW 750e ကားလှူဒါန်းမှုကို လက်ခံခဲ့အတွက် ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းတွေကို ထိုင်းအခြေစိုက် သတင်းမီဒီယာတွေကလည်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။
ဆရာတော် လက်ခံခဲ့တဲ့ အဲဒီ BMW ကားဟာ မြန်မာကျပ်ငွေနဲ့တွက်ရင် ကျပ် သိန်းပေါင်း ၈ ထောင်ကျော် တန်ကြေးရှိပြီး ဆရာတော်ကို လှူဒါန်းနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်တက်လာပြီးတဲ့နောက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဆရာတော်ကတော့ သူလိုချင်တပ်မက်တာမဟုတ်တဲ့အတွက် ဇိမ်ခံကားဟုတ်မဟုတ် မစဉ်းစားကြောင်းနဲ့ လှူဒါန်းမှုမှာ စေတနာ ယုံကြည်မှုတွေနဲ့သာ သက်ဆိုင်တယ်လို့ မေလ ၂၀ ရက်နေ့မှာ ပြန်ရှင်းခဲ့ပါတယ်။ သူ့မှာ Mercedes-Benz ၅ စီးအပါအဝင် ကား ၁၀ စီးကျော်ပြီး လှူဒါန်းငွေတွေဟာ ဘတ်သန်း ဆယ်နဲ့ချီရှိတယ်လိို့ လူမှုကွန်ရက်စာမျက်နှာမှာ မိန့်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR