ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်တောင်း နယ်စပ်ဂိတ်မှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်တွေပြန်ပို့တဲ့ ကိစ္စဟာ နှစ်ဖက်အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးပြီးမှ ပြန်ပို့လိုက်တာ ဖြစ်တယ်လို့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဧရာဝတီကို ပြောပါတယ်။
နောင်တောင်းဂိတ်ဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပေါ်မှာ တည်ရှိပြီး အဲဒီလမ်းပေါ်မှာ ရှိနေတဲ့ SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို TNLA က မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ မော်တော်ယာဉ်တွေနဲ့ သယ်ဆောင်ပြီး မူဆယ်မြို့အနီး ရွှေလီမြစ် အနောက်ဘက်ကမ်းက မန်ဟီးရိုး ဒေသကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR