စစ်ခေါင်းဆောင်တွေ နေပြည်တော်တည်ချိန်က အရေးပါတဲ့အဆောက်အဦးတွေ ဆောက်လုပ်ခွင့်ကို အေးရှားဝေါလ် ကုမ္ပဏီက ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နေအိမ်နဲ့ အမျိုးသား အထိမ်း အမှတ်ဥယျာဥ် (နေပြည်တော်) တို့လည်းပါဝင်ပါတယ်။
ဦးထွန်းမြင့်နိုင်ဟာ နေပြည်တော်မှာ သူ့ရဲ့ဟိုတယ်လုပ်ငန်းအတွက် Horizon Lake View Resort နဲ့ မြတ်တော် ဝင်ဟိုတယ်တို့ကိုပါဆောက်လုပ်ပါတယ်။ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံက လှည်းတန်းစင်တာကို အကောင်အထည် ဖော်ခဲ့တာလည်း အေးရှားဝေါလ်ပါဘဲ။
စစ်ထိပ်သီးခေါင်းဆောင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တဲ့ ဦးထွန်းမြင့်နိုင် ဟာ အမြတ်အစွန်းများတဲ့ ဆက်သွယ်ရေးလုပ်ငန်းကိုလည်း ရခဲ့ပါတယ်။ အဲ့ဒီတုန်းက ငွေကြေးချမ်းသာသူတွေ၊ အာဏာ ရှင်စစ်တပ်နဲ့ မကင်းတဲ့သူတွေသာ ဖုန်းကိုင်ဆောင်နိုင်တဲ့ခေတ်မှာ အေးရှားဝေါလ်ကုမ္ပဏီခွဲ Asia Mega Link Company က ဆက်သွယ်ရေးစက်ရုံကို ရွေးကောက်ပွဲမကျင်းပခင် ၂၀၁၀ ဧပြီမှာ ပြင်ဦးလွင်၊ ရတနာပုံမြို့သစ်မှာ တည်ဆောက်ခဲ့ပြီး နိုင်ငံတဝှမ်း ငွေဖြည့်ကဒ်တွေနဲ့ တခါသုံး GSM sim card တွေကို ရောင်းချခဲ့ပါတယ်။
အေးရှမီဂါလင့်ကုမ္ပဏီဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ စစ်တပ်ပိုင်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့နဲ့ ပူးပေါင်းလုပ်ကိုင်ပါတယ်။ မကွေး-ရေနံချောင်း-ဂွေးချို ဖိုင်ဘာလမ်းကြောင်းစီမံကိန်းကိုလည်း ရခဲ့ပါတယ်။
အာဏာရှင်စစ်တပ်ကို ပံ့ပိုးမှုနဲ့ ဦးလော်စစ်ဟန်၊ ဦးထွန်မြင့်နိုင်နဲ့ သူ့ဇနီး Cecilia တို့ကို ၂၀၀၈နဲ့ ၂၀၁၀ တို့မှာ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပါတယ်။ မြန်မာနဲ့ စင်္ကာပူက ကုမ္ပဏီများစွာပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် အေးရှားဝေါလ်ကုမ္ပဏီမှာ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းအထက်ပါဝင်တဲ့ ကုမ္ပဏီ ၆ ခုကိုလည်း ၂၀၁၆ မှာအရေးယူပိတ်ဆို့မှု စာရင်းသွင်းခဲ့ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR