ရခိုင်စစ်မျက်နှာမှာ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ရဲ့ ထက်ဝက်ကျော်ကို သိမ်းပိုက် ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၉ မြို့နယ်ကို သိမ်းပိုက် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်ထဲက တပ်စခန်းတွေ AA လက်အောက်ကျမသွားရေးအတွက် ကြည်း၊ ရေ၊ လေ တပ်တွေ အသုံးပြုပြီး အင်အားသုံးခုခံခဲ့ပေမယ့် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေ အပြင် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေကိုပါ AA က တိုက်ခိုက် သိမ်းပိုက်လာတိုက်ဖြစ်ပါတယ်။
မြို့တွေ ဆက်တိုက် သိမ်းခံနေရချိန်မှာဘဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တချို့မှာ ရိုဟင်ဂျာတွေဟာ တိုက်ပွဲအလိုမရှိ၊ AA အလို မရှိဆိုတဲ့ ဆိုင်ဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒမှုတွေ လုပ်ဆောင်ခဲ့သလို ဘူးသီးတောင်၊ မောင်တော ဒေသတွေမှာ ၂ ဖက်အသိုင်းအဝိုင်းရဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေရှိလာပါတယ်။ လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်း တချို့မှာတော့ စစ်ကောင်စီ ယူနီဖောင်းဝတ်ထားတဲ့ ရိုဟင်ဂျာစစ်သားတွေဟာ ဓာတ်ဆီပုံတွေနဲ့ အရပ်သားနေအိမ်တွေကို မီးလိုက်ရှို့နေတာတွေတွေ့ရပါတယ်။
နိုင်ငံရေး သုတေသီတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ရခိုင်ပြည်နယ်ထဲမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာအောင် စနစ်တကျ ထောင်ချောက်ဆင် ထားတာဖြစ်ပြီး သတိထားကြဖို့ တိုက်တွန်းနေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR