ရခိုင်မြောက်ပိုင်းက မြို့ကြီးတွေကို လက်လွှတ် ဆုံးရှုံးထားရတဲ့ စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ကို ပိတ်ဆို့ထားပြီး ဒေသခံတွေကို အကြောင်းပြ ချက်မရှိဘဲ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ဧရာဝတီကို ပြောပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေမှာကို စိုးရိမ်မှုရှိနေတာကြောင့်လည်း ဖမ်းဆီးနေတာ ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ဖမ်းဆီးထားတဲ့သူတွေထဲကမှ တချို့ကိုတော့ ငွေ ကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၅၀ ကြား ယူပြီး ပြန်လွတ်ပေးတာ ရှိပေမယ့် အများစုကိုတော့ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထားတာလို့ လွတ်မြောက်လာတဲ့ သူတွေနဲ့ နီးစပ်သူတွေက ဧရာ၀တီကိုပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR