အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက လည်းဖြစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တဦးလည်းဖြစ်ခဲ့တဲ့ သူရဦးတင်ဦးရဲ့ နာရေးကို အကျဉ်းထောင်ထဲမှာ ရှိနေကြတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့က လွမ်းသူ့ပန်းခြင်းတွေ ပေးပို့ခဲ့ကြပါတယ်။
အဲဒီပန်းခြင်း ၂ ခုကို သူရဦးတင်ဦး နာရေးဓာတ်ပုံရဲ့ ဘေးနားမှာ ထားရှိထားတာဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ညာဘက်မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပန်းခြင်းကို ကပ်လျှက်တွေ့ရပြီး၊ ဘယ်ဘက်မှာတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ ပန်းခြင်းကို ကပ်လျှက်တွေ့ရပါတယ်။
သမ္မတ ဦးဝင်းမြင့်ရဲ့ ပန်းခြင်းကိုတော့ မိသားစုဝင်တွေက လာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းသူ့ပန်းခြင်းကိုတော့ နေပြည်တော် တိုင်းစစ်ဌာနချုပ်မှာရှိတဲ့ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က လာရောက်ပို့ဆောင်သွားတာဖြစ်တယ်လို့ နာရေးမိသားစုနဲ့ နီးစပ်သူတွေက ဧရာဝတီကို ပြောပါတယ်။
နာရေးအခမ်းအနားကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့တာတွေ့ရပြီး သူ့ရဲ့ လွမ်းသူ့ပန်းခြင်းကိုလည်း တခြားပန်းခြင်းတွေနဲ့ ခပ်လှမ်းလှမ်းမှာ မြင်တွေ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR