အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံလောက်ကုန်မယ့် မြစ်ဆုံစီမံကိန်းကို အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အေးရှားဝေါလ်နဲ့ တရုတ်အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၆ ခုနှစ်မှာ နားလည်မှုစာချွန်လွှာ ရေးထိုးပါတယ်။ လက်မှတ် ရေးထိုးတဲ့ အစု ၃ စုပေါင်းပြီး ဧရာဝတီ မြစ်စုံ-မြစ်ညှာ မြစ်ဝှမ်း ရေအား လျှပ်စစ်ကုမ္ပဏီ တည်ထောင်ကာ ၂၀၀၉ ဒီဇင်ဘာမှာ စီမံကိန်း စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ လူထုကန့်ကွက်မှုတွေကြောင့် ၂၀၁၁ မှာ စီမံကိန်းရပ်ဆိုင်းခဲ့ရပါတယ်။
တောင်ငူမြို့ရဲ့ အရှေ့ဘက် ၂၁ ကီလိုမီတာအကွာမှာရှိတဲ့ သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းကို အကောင်အထည် ဖော်ခွင့်ရခဲ့တာ အေးရှားဝေါ်လ်ရဲ့ကုမ္ပဏီခွဲဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ဂျပန်ကုမ္ပဏီနဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီတို့က စီမံကိန်းဒီဇိုင်းနဲ့ မြေပြင်လေ့လာမှုတွေကို ၂၀၀၇၊ ၂၀၀၈ မှာလုပ်ခဲ့ပါတယ်။ ၂၀၀၉ နှစ်ကုန်မှာ စတင်တည်ဆောက်ပြီး ၂၀၁၂ မှာ အပြီးသတ်ပါတယ်။
ရန်ကုန်လျှပ်စစ် ဓာတ်အေားပေးကော်ပိုရှင်းနဲ့ ပေါင်းပြီး မြောက်ဥက္ကလာနဲ့ ရွှေပြည်သာကို ဓာတ်အား ဖြန့်ဖြူးသလို ပဲခူးတိုင်းအရှေ့ပိုင်း ၃၇ မြို့နယ် ဖြန့်ဖြူးခွင့်ကို ၂၀၁၃ ဩဂုတ်မှာရခဲ့ပါတယ်။ မြန်မာ့အကြီးဆုံးဆည် စီမံကိန်းတွေထဲက တခုဖြစ်တဲ့ ကွမ်းလုံဆည် စီမံကိန်းကိုလည်း တရုတ် ကုမ္ပဏီး ၃ ခုနဲ့ ဦးထွန်းမြင့်နိုင်ရဲ့ အေးရှားဝေါလ် တို့ပူးပေါင်းပြီး လုပ်ကိုင်ခွင့်ရပါတယ်။ စီမံကိန်းကထွက်မယ့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံပို့ရမှာပါ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR