ဂျွန်မီယာကတော့ ဆုံးရှုံးခြင်းနဲ့ မျှော်လင့်ခြင်း (Lose and Hope) ရုပ်ရှင်ဖန်တီးခဲ့သူ လူငယ်တဦး ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကရင်နီပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ကရင်နီပြည်နယ်အတွင်းကရဲဘော်တွေရဲ့ ဘဝတစိတ်တပိုင်းတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ၊ စစ်ပွဲတွေအတွင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ မလုံခြုံမှု ဘဝတွေ၊ ကရင်နီပြည်ရဲ့သဘာဝအလှအပတွေနဲ့ ရိုးရာ၊ ယဉ်ကျေးမှုတွေအကြောင်း ပါဝင်ပါတယ်။
ဒီရုပ်ရှင်ကားဟာ ကရင်နီပြည်သူတွေရဲ့ စစ်ပွဲတွေကြောင့် ဆုံးရှုံးခဲ့ရမှုတွေအကြားကနေ သူတို့တွေရဲ့ ပြန်လည် မျှော်လင့်ချက်တွေအကြောင်းဖြစ်ရပ်မှန်ကိုအခြေခံပြီး ပြန်လည် ပုံဖော်ရိုက်ကူးခဲ့တာလို့ ဂျွန်မီယာက ဆိုပါတယ်။
Lose and Hope ရုပ်ရှင်ဇာတ်ကားက သူပထမဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်ခံနေရတဲ့ ကရင်နီပြည်နယ်ထဲမှာ ၇ လနီးပါးကြာအောင် ရိုက်ကူးခဲ့ရတာလို့ ဂျွန်မီယာက ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR